သတင်းများ

နမ္မတူမြို့နယ်တွင် အမျိုးသမီး နှစ်ဦး၌ ကိုဗစ်-၁၉ပိုးတွေ့ရှိ
Jul 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ခရီးသွားရာဇဝင် မရှိသော အမျိုးသမီးနှစ်ဦး၌ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ ယမန်နေ့ ဇူလိုင်(၅)ရက် ညနေပိုင်း၌ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ကိုဗစ်-၁၉ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်
Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန် အဟုန်မြှင့်၍ အထူးကြပ်မတ်ဆောင်ရွက်နေရာ မြို့ဝင်စစ်ဆေးရေးဂိတ်တွင်လည်း ဇူလိုင် ၆ ရက်နေ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ကုသရေး ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊​ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်းစေရန် ရည်ရွယ်၍ Mask Campaign ကို ယနေ့နံနက် ၈ နာရီခန့် က အောက်ရွာလေးဈေးနှင့် လူအသွားအလာများပြားသည့် လမ်းဆုံနေရာများတွင် ပြုလုပ်ခဲ့သည်။
အင်းလေးဖောင်တော်ဦးဘုရား၊ နန်းပန်အလိုပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့အား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း
Jul 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးမြတ်စွာဘုရား၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့ကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၆ ရက်မှစ၍ ဖူးမြော် ကြည်ညိုခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊သံမိုးတောင်(အထက်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည် ထုတ်ပေး ခြင်း ဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သောဘေးအန္တရာယ် ကျရောက်ပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၄၉) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က သံမိုးတောင်အထက်ကျေးရွာတွင် မြစိမ်း ရောင်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။