ဗန်းမော် ဇူလိုင် ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာ၍ Quarantine Centre များ အသီးသီး စနစ်တကျထားရှိ၍ ကျန်းမာရေး စစ်ဆေးကုသ ပေးလျက်ရှိကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့က စတင်၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ စတင် တွေ့ရှိခဲ့ကာ ဇူလိုင်လ ၅ ရက်နေ့တွင် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉၃)ဦးရှိခဲ့သည်။
ဗန်းမော်ခရိုင်တွင် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၅ ရက် ည ၉ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၀၀)ဦးရှိပြီဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာများအား ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံနှင့် မြို့နယ် ပြည်သူ့ဆေးရုံများတွင် ဆေးကုသ ခံယူလျက်ရှိပြီး ခရိုင်အတွင်း ပိုးတွေ့လူနာများနှင့် ၎င်းတို့နှင့် ဆက်စပ်သံသယရှိ လူနာများအား သတ်မှတ်ထားသည့် Quarantine Centre အသီးသီးထားရှိကာ ဗန်းမော်မြို့နယ်တွင် Home Quarantine (၁၃၂)ဦး၊ Facility Quarantine (၁၆)ဦး၊ မိုးမောက်မြို့နယ်တွင် Home Quarantine (၅၄)ဦး၊ Facility Quarantine (၂၅)ဦး၊ မန်စီမြို့နယ်တွင် Home Quarantine (၄၁)ဦး၊ Facility Quarantine (၅)ဦး၊ ရွှေကူမြို့နယ်တွင် Home Quarantine (၄၅)ဦး၊ Facility Quarantine (၇၆)ဦး စုစုပေါင်း Home Quarantine ထားရှိသူ (၂၇၂)ဦးနှင့် Facility Quarantine (၁၂၂)ဦးတို့အား အသီးသီးထားရှိ၍ ကျန်းမာရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များက Quarantine Centre များ ဖွင့်လှစ်နေမှုနှင့် လိုအပ်လာပါက ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)