သီပေါ ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၅ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများအား COVID-19 Antigen RDT Test Kit ဖြင့် ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်း (၁၂)ဦး တို့တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း နှင့် ၎င်းပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်သူ(၂၁)ဦးတို့အား Home Quarantineနှင့် တရုတ်ဘာသာစကားသင်အဆောက်အဦရှိ Quarantine Centre တို့တွင် အသီးသီး ထားရှိကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၄၆)ဦးရှိပြီးနှင့်သေဆုံးသူ(၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။