သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတ/ကိုယ့်အားကိုယ်ကိုး မှုကြိုကျောင်းများအား ထောက်ပံ့ကြေးငွေ ပေးအပ်
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် လူမှုဝန်းထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအားထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးရုံး၌ ကျင်းပခဲ့သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောင်းသား၊ ကျောင်းသူများအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနား ကသာမြို့၌ကျင်းပ
Feb 28,2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကသာခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်အတွင်းရှိ မြို့နယ် များမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ များအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ သင်းကျစ်တော် ပင့်ဆောင်လှည့်လယ်ပွဲကျင်းပ
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် သကျမာရိဇိန်သွန်းဘုရားကြီး၏ သင်းကျစ်တော် ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့တွင် ကျင်းပခဲ့သည်။
မိုင်းလုံမြို့တွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်းစီမံကိန်း ဆွေးနွေးပွဲကျင်းပ
Feb 28,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ခန္တီရပ်ကွက် ဆုတောင်းပြည့် ဘုရား ကျောင်းတွင် ယမန်နေ့နေ့လယ် (၁၂) နာရီက မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းနှင့် စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်း နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်မည်
Feb 28,2020
ထိုင်းနိုင်ငံမှ ထုတ်လုပ်သောအရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို (DITP) Department of International Trade Promotion မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ၌ မတ်လ ၁၂ ရက်နေ့မှ မတ်လ (၁၅) ရက်နေ့ထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၆) နာရီထိ ဖွင့်လှစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 28,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့နယ် နန့်ကျဉ်ကျေးရွာ၌ ကိုယ့်အားကိုကိုး ရေအားလျှပ်စစ် ဆောင်ရွက်
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ၌ ကိုယ့်အားကိုကိုး ရေအားလျှပ်စစ်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။