လှိုင်းဘွဲ ဇူလိုင် ၆
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအတည်ပြုလူနာ(၅)ဦးမှာ လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ ဩဘာလမ်းနေ ဦး(-)(၃၆)နှစ်၊ မ(-) (၂၆)နှစ်၊ မ(-)(၄)နှစ်၊ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ရွှေပြည်အေးလမ်းနေ ဦး(-)(၄၅)နှစ်နှင့် လှိုင်းဘွဲမြို့ (က)ရပ်ကွက်နေ ဦး(-)(၃၀)နှစ် စုစုပေါင်းလူနာ(၅)ဦး ထပ်မံတွေ့ရှိရာ အဆိုပါ အတည်ပြုလူနာများအား လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြု လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာကန့်သတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း(၂၇)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။