ဘုရားသုံးဆူ ဇူလိုင် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်- ၁၉ တတိယလှိုင်းအခြေအနေကြောင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ဘုရားသုံးဆူ မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့၊ ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူးဦးမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူမြို့၊ မြို့မစျေးအတွင်းနှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပြောကြားခြင်း၊ (Masks) များအား စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်စသည့် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)