မင်းပြားမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်

မင်းပြား  ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံငါးမွေးမြူရေး နှင့်ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီး မှူး ဦးထင်ကျော်ထံမှ  သိရသည်။

အဆိုပါ အခြေခံငါးမွေးမြူရေး နှင့်ဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက မြို့နယ်၏ စားသုံးကုန်အခြေခံလိုအပ်ချက်ဖြစ်သည့် ငါးမွေး မြူရေးနှင့်ငါးလိုအပ်ချက်များ၊ ငါးများဈေးကွက်ဝင်ထုတ်လုပ်နိုင်မှု အခြေအနေများအား အကြံပြုဆွေးနွေးမှာကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ် လက်ထောက်ငါးလုပ်ငန်းဦးစီးမှူး ဦးထင်ကျော်က ငါးမွေးမြူရေးနှင့် ငါးများအား ဆေးထိုးစနစ်ဖြင့်စနစ်တကျသားဖောက်ရခြင်း ရည် ရွယ်ချက်များအား ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေကြသော ပြည်သူများအား အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံ ငါးမွေးမြူရေးနှင့်ဆေးထိုးသားဖောက်သင်တန်းတွင် ငါးများအား စနစ်တစ်ကျ တပိုင်တနိုင် မွေးမြူရေးမှ ငါးကန်ဖြင့်စီးပွားဖြစ်မွေးမြူနိုင်ရန် အခြေခံနည်းလမ်းများ၊ သိပ္ပံနည်းကျ နည်းလမ်း များဖြင့် မွေးမြူခြင်းနှင့်ငါးများအား မျိုးပွားမှုမြန်ဆန်မှန်ကန်ရန် ဆေးထိုး သားဖောက် ပညာရပ်များ၊ ငါးသယံဇာတပွားများရေး၊ ငါးမျိုးစိတ်များမပြုန်းတီးရေးဆောင်ရန်၊ ရှောင်ရန် အချက်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း