ဝမ်းတွင်း ဇူလှိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်ရောင်းချနေသောဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးနှင့်ကိုဗစ်၁၉ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ် ကုသခြင်း လုပ်ငန်များပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ နေအိမ်များတွင် နေထိုင်ရေး(StayatHome) ပါဝင်ခြင်းမရှိသည့် မြို့နယ်များတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနိုင်ရေးနိုးဆော် အသိပေးခြင်း များကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါကူးဆက််ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်းအသွင်ဖြင့်ဖြစ်ပွားနေပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုးကူးစက်ဝင်ရောက် ပျံ့နှံ့မှုရှိကြောင်း ဓာတ်ခွဲအတည်ပြုချက်များအရ သိရှိရပြီးရောဂါထိန်းချုပ်ခြင်း ၊ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာဆောင်ရွက်သွားနိုင်ရန် လိုအပ်လျှက်ရှိပြီး ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုန်ပြန်သည့် မြန်မာနိုင်ငံ၏ Covid19 ရောဂါဖြစ်ပွားမှုအခြေအနေအား ပြည်သူများအချိန်နှင့်တစ်ပြေးညီသိရှိစေပြီး ညွန်ကြားချက်များ၊ တားမြစ်ချက်များအား တိကျစွာလိုက်နာဆောင်ရွက် ရေး အထူးလိုအပ်လျှက်ရှိကာ ဈေးနှင့်ဆိုင်များအား ဖွင့်လှစ်ရောက်ချရာတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ၊နေ့စဉ်မရှိမဖြစ် လိုအပ်သော စားသောက်ကုန်ဆိုင်များ ကိုသာ(ပါဆယ်)စနစ်ဖြင့် ဖွင့်လှစ်ရောင်းချကြရန် အခြားသော ကုန်ပစ္စည်းများ ရောင်းချသောဆိုင်များ(ယာယီ) ပိတ်ထားရန်၊ ဈေးများရောင်းချရာတွင် ဈေးရောင်း/ဈေးဝယ်များအနေဖြင့် Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ အရာဝတ္တုများကိုင်ပီးတိုင်း လက်ကိုမကြာ ခဏ ဆေးကြောရန် လိုအပ်ကြောင်းအချက်များကို နိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် မြို့နယ်ရပ်ကွက်(၆)ရပ်ကွက်၊ကျေးရွာအုပ်စု(၆၉)အုပ်စုရှိရာ အသိပညာ ပေးနိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာ များအလိုက် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်