ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဓနုဖြူ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒု လ.ဝ.ကမှူး ဒေါ်ဥမ္မာကျင် ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ ရပ်ကွက်အတွင်းရှိ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမပြုလုပ်ရသေး သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ (အခမဲ့) ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး ဓနုဖြူမြို့ပေါ်ရှိ ရပ်ကွက်များတွင် ဇူလိုင်လ (၃)ရက်နေ့မှစ၍ ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)