ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ထိုးနှံပေး

ထီးလင်း ဇူလိုင်၆

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီမှစ၍ပြည်သူများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက တစ်ဦးချင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းစသည့် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဆေးထိုးပြီး အနည်းဆုံး မိနစ်သုံးဆယ်ခန့် စောင့်ကြည့်သွားလာစေခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ကို တစ်ဦးလျှင်ဆေးတစ်လုံးစီ ထိုးနှံပေးခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ (၂၀၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့်ယင်း ကာကွယ်ဆေးကို ရက်သတ္တ(၄)ပတ်ခြား၍ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။

အောင်စည်