ရွာကိုင်းကောင်းကျေးရွာ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်

ပိုင်ကျုံ ဇူလိုင် ၆

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် ဒေသနေပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ရွာကိုင်းကောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံံ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးစောချစ်ဇော်မျိုးက သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်အား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသားဦးရေ (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၅ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန်ထိ (၁)လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)