ကျိုက်ဒုံ ဇူလိုင် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ကျိုက်ဒုံမြို့တွင် (၂၀၂၀-၂၀၂၁)ခု၊ဘဏ္ဍာရေးနှစ် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲမှုလျော့ချရေးရန်ပုံ ငွေ(၉.၉)ကျပ်သန်းဖြင့် အမှတ်(၃)ရပ်ကွက် ကျောက်စိမ်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)ရပ်ကွက် ကျောက်စိမ်းလမ်း ကွန်းကရစ်လမ်းသည် လမ်းပေအရှည် (၄၅၀)ပေ၊ အကျယ်(၁၂)ပေ၊(၆) လက်မထုရှိပြီး ဒေသနေပြည်သူမျာရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်မှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)