လေရှီး ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ လေရှီးမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် Covid-19 ရောဂါကာကွယ်ဆေးတတိယအကြိမ်ထိုးနံခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ(၂)ခန်းမတွင် ထိုးနံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများးပေါင်း၍ Covid-19 ရောဂါစည်းကမ်းများနှင့်ညီ စနစ်တကျစီမံဆောင်ရွက်ကာ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးကိုပထမအကြိမ်ထိုးနံရာတွင်ထိုးနှံသူ(၁၃၀၉)ဦး၊ဒုတိယအကြိမ်ထိုးနှံရာတွင်ထိုးနှံသူ(၁၁၀၁)ဦးနှင့်ယခုတတိယအကြိမ်ပြန်လည်ထိုးနှံလျှက်ရှိရာပထမနေ့တွင် ထိုးနှံသူ (၁၂၀)ရှိပြီဖြစ်ကြောင်း ၄င်းကာကွယ်ဆေးကို ဇူလိုင်လ (၆)ရက်နေ့မှ(၈)ရက်နေ့အထိ(၃)ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ဆိုင်းသား