ဖျာပုံမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး လိုက်လံစိစစ် ဆောင်ရွက်

ဖျာပုံ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ် ပစ္စည်းများအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး လိုက်လံစိစစ် ဆောင်ရွက်ခြင်းကို ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲတို့ ပူပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ဆေးအရောင်းဆိုင်းများအား လိုက်လံစိစစ် ဆောင်ရွက် ကြကြောင်း သိရသည်။

အဆိုပါ ဆေးဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ စိစစ်ရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော စိစစ်ရေးအဖွဲ့သည် ဖျာပုံမြို့နယ် ပထမလမ်းနှင့် ဒုတိယလမ်းရှိ ဆေးဝါး အရောင်းဆိုင်များတွင် ဆေးဝါးများ Mask, FaceShield, HandGelများ၊ ကျန်မာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံး ပစ္စည်များအား ဈေးနှုန်းမှန်ကန်စေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးအတွက် လိုက်လံစိစစ် ဆောင်ရွက် ကြကြောင်း သိရသည်။

ဖျာပုံခရိုင်(ပြန်/ဆက်)