ပန်းတနော်၊ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊မြို့မစျေးရှိ စျေးရောင်းစျေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက အ.ထ.က(၁) အခြေခံပညာအထက်တန်း ကျောင်း၊အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့မဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသော ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် နှာခေါင်းစည်း Mask (၁၀၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)