သတင်းများ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 05,2021
၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။
ကျောင်းကုန်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် (၉) စက်မှုလယ်ယာ စခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီတွင် အချိန်ခန့်က ဖွင့်လှစ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ဒုတိယအကြိမ်ထိုးနှံခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jul 05,2021
မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၅)ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၅၉)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၇၂) ကတ်တို့ကို ပြုလုပ်ဆောင် ရွက်ပေးအပ်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှူးရုံး မှသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 05,2021
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ​ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Jul 05,2021
ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် တောင်သူများ အနေဖြင့် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့်ဆက်စပ်သူ (၁၅) ဦးအား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် RDT Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၅၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၅၂)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၅)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၇) နှစ် အရွယ်အမျိုးသမီးနှစ်ဦး၊ အသက် (၆၃) နှစ် အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၆၇) နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက် (၂၇)နှစ် အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း(၁၀)ဦးတွင် Covid-19 Positive တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိ၍ ကုသပေးလျက် ရှိကြောင်းသိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ​​​​​​​ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီး၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။