သတင်းများ

ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်းစျေးဝယ်ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask campaign ကို ယနေ့နံနက် ၈ နာရီအချိန် က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ နာရီစင်ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်း မပြုရသေး သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၇)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ် -၁၉ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 07,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ်အတွင်း အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီး အတွင်း အပြင်နှင့် ဈေးလမ်းစုံများ၊ စာသင်ကျောင်းများ ၊ လမ်းစုံလမ်းခွများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီ ခန့်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့မစည်ပင်သာယာစျေးအတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်း ကျောင်း (မင်းရပ်)တွင် ကျောင်းဆောင်သစ် ဆောက်လုပ်
Jul 07,2021
မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျောင်း(၁၈)ကျောင်း နှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောင်း(၅)ကျောင်း တို့ကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက တာဝန်ယူ၍ ဇန်နဝါရီလ တတိယပတ်မှ စတင်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Stay at home အစီအစဉ်တွင် အကျုံးဝင်သည့် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်နေပြည်သူများအား မွှန်လွကျေးရွာမှ တောင်ယာထွက်သီးနှံများ လှူဒါန်းပေး
Jul 07,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများပြားပြီး Stay at Home အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူအဖွဲ့နှင့် ရပ်ကွက်လူငယ် အဖွဲ့အစည်းများ၊ Volunteer များပူးပေါင်းပြီး ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူမရှိစေရေး ကြပ်မတ်ကန့်သတ်ခြင်းကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ရပ်ကွက်အစီအစဉ်ဖြင့် Semi Lockdown ချထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးကြေညာ
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဒေသတွင်နေထိုင်သည့်ပြည်သူများ ကိုဗစ် - ၁၉ ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် မြို့အတွင်း၌ လှည့်လည်ပြီး အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးရာ ၁၂ ဦးတွင် ရောဂါပိုးတွေ့ရှိ
Jul 07,2021
မတ္တရာမြို့နယ်၌ ရောဂါပိုးရှိသူများနှင့် ထိစပ်သူ များ၊အနံ့ပျောက်နေသူများနှင့် နေရပ်ပြန်လာသူများ စုစုပေါင်း ၉၀ ဦးအား ယနေ့ နံနက် ၇နာရီက မတ္တရာပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမှတ် ၂ ရပ်ကွက်မှ အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၂ ဦး ၊ ပန်းယျကျေးရွာမှ အမျိုးသား(၂)၊အမျိုးသမီး ၁ ဦး၊ လှိုင်ကျွန်းကျေးရွာမှ အမျိုးသမီး ၁ဦးနှင့် ရဲစခန်းမှ အမျိုးသား (၁)ဦး တို့တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။