သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား လေ့ကျင့်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ် ၊ အာဇာနည်ဗိမာန်တွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် မြို့မဈေးကြီးနှင့် လူစည်ကားသည့်နေရာတို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မြို့နယ် အတွင်း ကူးစက် မှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးကော်မတီ အစီစဉ်ဖြင့် နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မ ဈေးကြီးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန်ဝေပေးခဲ့ကြကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်
Jul 05,2021
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်တားဆီးရေအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့မ စည်ပင်သာယာဈေး အတွင်းတွင် ဈေး ရောင်းသူများနှင့် ဈေးဝယ်သူများကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပ
Jul 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ကော့ခွယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဝင်းအတွင်း၌ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ (၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဆားအိုးချောင်း ကျေးရွာနှင့် အထက်သံဒင်းကျေးရွာတို့တွင် ကိုဗစ်-၁၉ Positive လူနာ (၄)ဦး ယမန်နေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ကျိုက်မရောမြို့နယ်၌ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 05,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးက ဦးစီး၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ် ကာကွယ်ရေး အတွက် ဒေသခံပြည်သူများ၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာမိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈နာရီက ကျိုက်မရောမြို့နယ် မော်လမြိုင် ထင်းကြိုးဝိုင်းအကွက် အမှတ်(၈) အတွင်း၌ ပြုလုပ်ခဲ့သည်။
လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေး
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲပြည်သူများ လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေး အတွက် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။