သတင်းများ

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၁ ဦးရှိ
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းပညာ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာ သင်တန်း ပို့ချလျက်ရှိ
Jul 05,2021
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသား များအား အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာ သင်တန်းအား ဇူလိုင် ၅ ရက်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက် ပြန်လည်ထူထောင်ရေး စခန်း၌ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိသည်။
ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီးရုပ်ထု ရင်ပြင်တော်နှင့်ပန်းခြံ တည်ဆောက်လျက်ရှိ
Jul 05,2021
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်တို့ကို ၇ နှစ်တိုင်တိုင် ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန် တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၊ ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေး၊ မြေအကျယ် တစ်ဧကခွဲကွင်း၌ စော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် တည်ထားပြီးစီးခဲ့ပြီးဖြစ်ရာ ရပ်ဝေး ရပ်နီးမှ ပြည်သူများ အပန်းဖြေ လေ့လာဂုဏ်ပြုနိုင်ကြစေရေး အတွက် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ် ဆောက်လုပ်
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမူမဖြစ်စေရေးနှင့် ကာကွယ်တားဆီးရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က-ခွဲ) ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က - ခွဲ) ကျောင်းသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌‌ “ဖော” ငမြောင်တောင် ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် ဟော်မုန်းများ ပေးအပ်ပွဲကျင်းပ
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ဖော” ငမြောင်တောင် ကာကွယ်ရေး နည်းပညာပေးသင်တန်းနှင့် ဟော်မုန်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ် မိုးရာသီတွင် အထူးစိမ်း သစ်မျိုးစုံ ၂၂၀၀ စိုက်ပျိုး ဆောင်ရွက်ထားရှိ
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေး အတွက် ယခု ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ အထူးစိမ်း သစ်မျိုးစုံအပင်ရေ ၂၂၀၀ စိုက်ပျိုးဆောင်ရွက်ထားကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မော် ထံက သိရသည်။
အမ်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လဖက်ရည် ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ယမန်နေ့ ညနေ(၃)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။