သဲကုန်းမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရန်အတွက် မြို့နယ်စည်ပင် သာရေးအဖွဲ့ခန်းမအား ယာယီဆေးရုံအဖြစ် ကြိုတင်ပြင်ခြင်းလုပ်ငန်းကို ယမန်နေ့ကမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။