သတင်းများ

ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်
Jul 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဝန်ထမ်းရပ်ကွက်၊ ကျောက်တိုင်ကွေ့လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာများအား ဆေးဝါးကုသပေး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိသည့် အတည်ပြုလူနာ (၃၀၁) ဦးရှိလာပြီဖြစ်ကြောင်းနှင့် ပိုးတွေ့ လူနာများကို ရောဂါအခံ ရှိသော လူနာများအား ပဲခူးမြို့အထွေထွေ ပြည်သူ့ဆေးရုံကြီးတွင် ကုသစေပြီး ရောဂါအခံ မရှိသူများကို သက်ဆိုင်ရာ Quarantine Center များတွင် ကုသကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးရေးအတွက် မိမိရပ်ကွက်အစီအစဉ်ဖြင့် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးရေးအတွက် မိမိရပ်ကွက် အစီအစဉ်ဖြင့် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန် က ပေါက်လုံရပ်ကွက်ရှိ လူငယ်များမှလည်း ရပ်ကွက်အတွင်း၌ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ လူနာတစ်ဦးတွေ့ရှိ
Jul 05,2021
ပင်လုံမြို့၊ ရပ်ကွက်(၁)တွင် နေထိုင်သူ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၆-၆-၂၀၂၁ ရက်နေ့မှ စတင်ဖျားနာခဲ့ပြီး ယနေ့နံနက်ပိုင်း က လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါအမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့သူ (၂၈ )ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၁)ဦးတို့အား စစ်ဆေးရာ (၁၅) ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 05,2021
သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းဦးဆောင်သည့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သံတွဲခရိုင် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့သူ (၂၈) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း ၂၉ ဦးတို့အား စစ်ဆေးရာ (၁၅) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၂) ဦး ထပ်မံတွေ့ရှိ
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၂)ဦး ထပ်မံ တွေ့ရှိခဲ့သည်ဟု ယနေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးသတ်ဆေးဖျန်းနည်းနှင့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများအသုံးပြုနည်း သရုပ်ပြဆောင်ရွက်
Jul 05,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးသတ် ဆေးဖျန်းနည်းနှင့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများအသုံးပြုနည်းသရုပ်ပြခြင်းကို ဇူလိုင် ၅ ရက် မွန်းလွှဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။