သဲကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရန်အတွက် မြို့နယ်စည်ပင် သာရေးအဖွဲ့ခန်းမအား ယာယီဆေးရုံအဖြစ် ကြိုတင်ပြင်ခြင်းလုပ်ငန်းကို ယမန်နေ့ကမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာယီဆေးရုံတွင် စုစုပေါင်းလူနာ (၅၀) ဦး ထားရှိကုသနိုင်မည်ဖြစ်ကြောင်းနှင့် အလားတူ ပုတီးကုန်းမြို့ တွင် FQC တစ်ခုဖွင့်လှစ်ကာ Stay at home မြို့နယ်များမှ ပြန်လာသူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား စောင့်ကြည့်နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် နိုင်ငံခြားတိုင်းပြည်များ၊ Stay at home မြို့နယ်များမှ ပြန်လာသူများ၊ ကိုဗစ် -၁၉ ရောဂါ သံသယလူနာများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပေးကြရန်နှင့် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို နေ့စဉ်သံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း