ဖာပွန် မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၃)ဦး ထပ်မံတွေ့ရှိ

ဖာပွန် ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၅)နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း (၈)ဦး ရှိပြီး  ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဖာပွန်မြို့တွင် (Positive)လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဖျားနာသူများအား RDT  Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ဇူလိုင်လ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ၌ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်း (၈)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်းနှင့် အဆိုပါပိုးတွေ့လူနာများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ (Quarantine Centre)၌ သီးသန့်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ထားရှိနေပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)