ဟိုပန်မြို့တွင် Covid-19 Positive လူနာ (၁၁)ဦး ထပ်မံတွေ့ရှိ

ဟိုပန် ဇူလိုင် ၆

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဈေးရပ်ကွက်တွင် နေထိုင်သူ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦးသည် အနံ့ပျောက်လျက်ရှိကြောင်း သိရှိရသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ Covid-19 (Positive) တွေ့ရှိခဲ့သည်။

အဆိုပါ အမျိုးသမီးနှင့် ဆက်စပ်နေသူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက်(၁၀)နှစ်ရှိ ကလေးငယ်(၁)ဦး၊ အသက်(၂၆)နှစ်ရှိ အမျိုးသား(၁)ဦး၊ အသက်(၁၇)နှစ်ရှိ အမျိုးသား(၁)ဦး၊ အသက်(၃၅)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ အသက်(၂၀)နှစ်ရှိ အမျိုးသမီး(၂)ဦး၊ အသက်(၁၅)နှစ်ရှိ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၉)ဦး တို့တွင်  Covid-19 (Positive)တွေ့ရှိခဲ့သည်။

အလားတူ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး မြို့မအားကစားကွင်းတွင် Facility Quarantine  ဝင်ရောက်နေသူ (၆)ဦးအား RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ ဟိုပန်မြို့၊ မိန်းပန်းရှမ်း ရပ်ကွက်မှ အသက်(၂၀)နှစ်ရှိ အမျိုးသမီး(၁)ဦးတွင် Covid-19 (Positive)တွေ့ရှိခဲ့သည်။

ယနေ့တွေ့ရှိသည့် Positive လူနာ (၁၁)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးလျက်ရှိပြီး ၎င်းတို့၏ ခရီးသွားရာဇဝင်များ၊ ထိတွေ့ဆက်စပ်နေသူများကို စုံစမ်းရှာဖွေဖော်ထုတ်သွားမည်ဖြစ်သည်။ ဟိုပန်မြို့နယ်တွင် ယနေ့အထိ  Covid-19 အတည်ပြုလူနာ(၂၀)ဦးရှိပြီး (၅)ဦးမှာ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်