သတင်းများ

ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ်၍ ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းအား ယနေ့ နံနက်(၈:၀၀)နာရီ အချိန်ခန့်က စတင်၍ ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ တစ်ရက်အတွင်း မွေးလူနာ(၆)ဦး မွေးဖွားပေးခဲ့ရာ (၃)ဦးမှာ နှစ်မွှာကလေးများ မွေးဖွားခဲ့ကြောင်းသိရ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့က မွေးလူနာ(၆)ဦးအား မွေးဖွားပေးခဲ့ရာ၊ မွေးလူနာ(၃)ဦးမှာ နှစ်မွှာကလေးများ မွေးဖွားပေးခဲ့ကြောင်းသိရပြီး တစ်ရက်အတွင်း မိခင်(၆)ဦးမှ ကလေး(၉)ဦး မွေးဖွား နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့တွင် အနံ့ပျောက်သူ ၁ ဦးကို Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဝမ်ပိန်းကျေးရွာအုပ်စု၊ ကုန်းညို့ကျေးရွာတွင် နေထိုင်သူ အသက်(၃၇)နှစ်အရွယ် အမျိုးသား ၁ ဦးသည် အနံ့မရရှိသဖြင့် ယနေ့နေ့လည် ၁၂ နာရီက တပ်မတော် (၈/၁၀၀)စစ်ဆေးရုံသို့လာရောက်ပြသခဲ့ပြီး စစ်ဆေးရုံမှတာဝန်ရှိသူများက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ရေးမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အရေးပေါ်အစည်းအဝေး ပြုလုပ်
Jul 05,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ(၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဆားအိုးချောင်းကျေးရွာနှင့် အထက်သံဒင်း ကျေးရွာတို့တွင် ကိုဗစ်-၁၉ Positive လူနာ(၄)ဦး ယမန်နေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၁ ဦးရှိ
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းပညာ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာ သင်တန်း ပို့ချလျက်ရှိ
Jul 05,2021
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသား များအား အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာ သင်တန်းအား ဇူလိုင် ၅ ရက်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက် ပြန်လည်ထူထောင်ရေး စခန်း၌ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိသည်။
ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီးရုပ်ထု ရင်ပြင်တော်နှင့်ပန်းခြံ တည်ဆောက်လျက်ရှိ
Jul 05,2021
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်တို့ကို ၇ နှစ်တိုင်တိုင် ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန် တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၊ ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေး၊ မြေအကျယ် တစ်ဧကခွဲကွင်း၌ စော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် တည်ထားပြီးစီးခဲ့ပြီးဖြစ်ရာ ရပ်ဝေး ရပ်နီးမှ ပြည်သူများ အပန်းဖြေ လေ့လာဂုဏ်ပြုနိုင်ကြစေရေး အတွက် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။