သတင်းများ

ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၈၇ ဦးထပ်မံတွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူပေါင်း (၂၀၄)ဦးရှိ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာလူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT(Test Kit) ဖြင့် စစ်ဆေး ခြင်းတို့ကို ယမန်နေ့၌ ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈၇)ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကဝမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက်  အထူးအစည်းအဝေးတစ်ရပ် ကျင်းပ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းရေးအတွက် အထူးအစည်းအဝေးတစ်ရပ်ကို  ယမန်နေ့ နံနက် (၁၀:၀၀)နာရီ တွင်   ကျင်းပသည်။
ဟားခါးမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာအသစ် ၃၅ ဦး ထပ်မံတွေ့ရှိ၊ ယနေ့အထိ ပိုးတွေ့လူနာ ၁၃၉ ဦးရှိလာ
Jul 06,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က ဒေသခံပြည်သူ (၂၂၅)ဦး Test Kid ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ‌တွေ့ရှိသဖြင့် ဟားခါးမြို့တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၁၃၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ အသိပညာပေး လုပ်ငန်းများကို လှည့်လည် ဆောင်ရွက် လျက်ရှိသည်။
မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော် ထုတ်ချေးပြီးစီး
Jul 06,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင်၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၄ အုပ်စု၊ တောင်သူပေါင်း ၂၀၄ ဦးနှင့် စပါး ၅၁၁ ဧက၊ နှမ်းသီးနှံစိုက်ဧက ၉၀၅ ဧကအတွက် စုစုပေါင်းကျပ် ၁၆၇၁၅၀၀၀၀ သိန်းကို ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
တနိုင်းမြို့နယ်တွင် "ပန်းခင်း"စီမံချက် အောင်‌မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်း "ပန်းခင်း"စီမံချက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်ကြီးမြို့တွင် COVID -၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်သည့် (RDT) စစ်ဆေးရေးဌာန ဖွင့်လှစ်
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် COVID-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ရုံးကြီးလမ်းဘေးရှိ ယခင်ရှမ်းပြည်နယ်အစိုးအရအဖွဲ့ရုံး(အဟောင်း)၌ ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ် COVID -၁၉ ရောဂါ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနအား ဖွင့်လှစ်ကြောင်းသိရသည်။အဆိုပါ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနတွင် လက်တလောအနံ့ပျောက်ဆုံးနေသူများ၊ ဖျားနေသူများ၊ ခေါင်းကိုက်နေသူများ၊ ချောင်းဆိုးနေသူများ၊ ကိုယ်လက်နာကျင်ကိုက်ခဲနေသူများ၊ လည်ချောင်းနာသူများ၊ အသက်ရှူကြပ်နေခြင်း/အသက်ရှူရခက်နေသူများ၊ အရသာပျောက်ဆုံးနေသူများနှင့် နှာချေနေသူများ သံသယရှိ စစ်ဆေးလိုသူများ လာရောက်စစ်ဆေးခံနိုင်မည်ဖြစ်ပြီး လာရောက်စစ်ဆေးသူ (၁)ဦးလျှင် ၁၀၀၀ဝိ/- နှုန်းဖြင့် နေ့စဉ် (၉)နာရီမှ ညနေ (၄) နာရီ အချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် စစ်ဆေးပေးနိုင်မည့် လူဦးရေကန့်သတ်ထားခြင်းမရှိကြောင်း၊ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနတွင် COVID-၁၉ ပိုးတွေ့ရှိသူများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဖွင့်လှစ်ထားသော Quarantine Center တွင်ထားရှိကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက ပြောသည်။