လှိုင်းဘွဲမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ဘားအံ ဇူလိုင် ၆

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ငွေလုံးငွေရင်း) နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများမှ အင်းနို့သိပ္ပံ-နောကော ကျေးရွာ ချင်းဆက်လမ်း (၂/၄)မိုင်အနက် (၁/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ (၁၆၃ ဒသမ ၃၇၉) သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။

အဆိုပါလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ဒေသရှိကျေးရွာအုပ်စု(၈)အုပ်စု၊  အိမ်ခြေ(၁၇၂၄)၊ လူဦးရေ (၉၆၉၄)ဦးတို့ကို တိုက်ရိုက်အကျိုးပြုနိုင်ခဲ့ပြီး ဒေသခံကျေးရွာပြည်သူများ ရာသီမရွေး သွားလာနိုင်၍ ဒေသအတွင်းရှိ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းလည်း ယခင်ကထက် ပိုမိုမြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း