ကျိုင်းတုံ ဇူလိုင် ၆
ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ပေးသည့် ဒေသနွား မျိုးကောင်းမျိုးသန့်၁၀ ကောင် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ကာကွယ် ရေး နည်းလမ်းများနှင့်အညီ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကျိုင်းတုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးနိုင် က ဒေသအတွင်း မျိုးကောင်းမျိုးသန့် နွားများ တိုးပွားရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုတက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ဝမ်မောက်ကျေးရွာမှ မွေးမြူရေး စိတ်ဝင်စားသည့် အိမ်ထောင်စု ၁၀ စုအတွက် တစ်အိမ်ထောင်စုလျင် ဒေသနွား နွားပြာစိမ်း အမ တစ်ကောင်စီ ထောက်ပံ့ပေးအပ်ပြီး ဒေသနွားလက်ခံရရှိမှုမှတ်တမ်းနှင့် စာချုပ်များ လွှဲပြောင်း ပေးအပ်သည်။
ဒေသနွား မွေးမြူခွင့်ရရှိသူများသည် စာချုပ်ပါအတိုင်း ၃ နှစ်ပြည့်ပြီးပါက အဆိုပါကျေးရွာမှ နွားမွေးမြူလိုသည့်သူများကို မူလနွားအရွယ်အစားအတိုင်း ဆက်လက်ဖြန့်ဝေပေးရမည်ဖြစ် ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)