သတင်းများ

မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လှည့်လည်နှိုးဆော်
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းမှုကြောင့် ရေကြီးခဲ့ရာမှ ရေများပြန်လည်ကျဆင်း
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းမှုကြောင့် ရေကြီးခဲ့ရာမှ ယနေ့နံနက် (၄) အချိန်ခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် Green & Clean စီမံကိန်း သစ်ပင်စိုက်ပွဲတော် ကျင်းပ
Jul 11,2021
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပ နေစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် Green Clean စီမံကိန်း သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲက မိုးမိတ်-မိုင်းငေါ့လမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂)ဦး ထပ်မံတွေ့ရှိ စုစုပေါင်း အတည်ပြုလူနာ ၁၃ ဦး အထိတွေ့ရှိထား
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ(၁၃)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ တိုက်စားမှုကြောင့် ကျေးရွာချင်းဆက် ကွန်ကရစ်တံတားပျက်စီး
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊    ခမောက်ကြီးမြို့၊ (ခမောက်ကြီး-မာရမ်း) လမ်းပေါ်ရှိ အောင်ချမ်းသာကျေးရွာ ရွာအဝင်တွင် အလျား(၃၀)ပေခန့်ရှိသည့် ကွန်ကရစ်တံတားသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေများ ထိုးဆင်းမှုကြောင့်   ညနေ ၄ နာရီခွဲခန့်၌ တံတား၏ တစ်ဖက်တစ်ချက်စီတွင် (၁၀)ပေခန့်     ပျက်စီးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေနှင့် ဆန်အိတ်များလှူဒါန်း
Jul 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အလှူငွေနှင့်ဆန်အိတ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဖျားနာကု Fever Clinic ဆေးခန်း ဖွင့်လှစ်ကုသပေးလျက်ရှိ
Jul 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်  မြို့နယ်အတွင်း ရောဂါပိုးပျံ့နှံ့မှုလျော့နည်းကျဆင်းစေရေးအတွက် ဖျားနာ၊ အနံ့ပျောက် လူနာများအား ကုသပေးနိုင်ရန် Fever Clinic ဆေးခန်းကို ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေအထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၈)ဦး ထပ်မံတွေ့ရှိပြီး၊ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနက်(၉၄)ဦး ဆေးရုံ ဆင်းခွင့်ရ
Jul 11,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၈)ဦးမှာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။