ခမောက်ကြီး ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ (ခမောက်ကြီး-မာရမ်း) လမ်းပေါ်ရှိ အောင်ချမ်းသာကျေးရွာ ရွာအဝင်တွင် အလျား(၃၀)ပေခန့်ရှိသည့် ကွန်ကရစ်တံတားသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်ကျရေများ ထိုးဆင်းမှုကြောင့် ညနေ ၄ နာရီခွဲခန့်၌ တံတား၏ တစ်ဖက်တစ်ချက်စီတွင် (၁၀)ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားပျက်စီးမှုကြောင့် အောင်ချမ်းသာကျေးရွာ၊ ဆိပ်ဖူးကျေးရွာ၊ မာရမ်းကျေးရွာများမှ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
ရူပါမြင့်