သဲကုန်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အလှူငွေနှင့်ဆန်အိတ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ အောင်နိုင်ရိုးမဆန်စက်မှ ဆန်အိတ်(၅)အိတ်၊ ဦးအောင်သိန်း(ဦးစီးအရာရှိ)၊စားသုံးသူရေးရာဦးစီးဌာန+ဒေါ်နီနီလွင်မိသားစုမှ အလှူငွေ ၅၀,၀၀၀/-ကျပ်နှင့် ဆန်အိတ်(၁)အိတ်၊ ဦးတင်မြင့်(AE)ဆည်မြောင်းဦးစီးဌာနမှ အလှူငွေ ၃၅,၀၀၀/-ကျပ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးမျိုးဇော်ထွဋ်မှ ၃၅,၀၀၀/-ကျပ်၊ မြို့နယ်တရားသူကြီး ဦးကျော်သက်ဟိန်းမှ ၃၅,၀၀၀/-ကျပ်၊ ဦးရဲသီဟဆွေ+ ဒေါ်မြင့်မြင့်ညို (သား) မောင်ကောင်းမြတ်အောင် မိသားစုမှအလှူငွေ ၁၀၅,၀၀၀/-ကျပ်၊ ကန်တော်မင်္ဂလာရပ်ကွက်၊ ကန်တော်မင်္ဂလာလမ်းနှင့် စာရင်းရုံးလမ်းမိသားစုများမှ အလှူငွေ ၁၀၅,၀၀၀/-ကျပ်တို့ကို လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)