မိုးမိတ်မြို့နယ်တွင် Green & Clean စီမံကိန်း သစ်ပင်စိုက်ပွဲတော် ကျင်းပ

မိုးမိတ် ဇူလိုင် ၁၁

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပ နေစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် Green Clean စီမံကိန်း သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲက မိုးမိတ်-မိုင်းငေါ့လမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ခရေပင်ပေါင်း (၂၀၀) ကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နိုင်ဦးနှင့် သစ်တောဝန်ထမ်းများက Social Distancing အညီ လမ်းဘယ်ညာတစ်ဖက်စီ အတန်းလိုက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်၊၊

မိုးမိတ်သား(စည်သူဌေး)