မိုင်းလုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် နေအိမ်အပြင်ထွက်တိုင်း (Mask) နှာခေါင်းစည်း တပ်ဆင်ရန်နှင့် Mask Campaign အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းနှင့်(Mask Camping)ကို မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက ဦးဆောင်၍ တိုက်နယ်ကျန်းမာရေးဌာန ဝန်ထမ်း၊ မီးသတ်စခန်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ Mask နှာခေါင်းစည်း (၂၀၀)ခုကို မိုင်းလုံဈေးရပ်ကွက်အတွင်းရှိ လမ်းဆုံများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်အတွင်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်ကို လာမည့်(တနင်္ဂနွေနေ့)တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အပတ်စဉ်တိုင်း Mask Campaign ကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။
မိုင်းလုံ(ပြန်/ဆက်)