ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိ

ကျိုင်းတောင်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဇူလိုင် ၅ ရက်နေ့တွင် စတင်၍ ပြန်လည်ထားရှိခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ  ခရီးသည်များအား ခရီးသွားရာဇဝင်များ မေးမြန်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကိုယ်ရေးအချက်အလက်များမေးမြန်း မှတ်တမ်းပြုခြင်းနှင့် သက်ဆိုင်ရာ ထောက်ခံချက်ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း စသည်များကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ကြပြီး နေရပ်ပြန် ပြည်သူများအနေဖြင့် အသွားအလာ ကန့်သတ် Quarantine ဝင်‌စေခြင်း စသည်တို့ကို‌ဆောင်ရွက်လျက်ရှိ‌ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)