တွံတေး ဇူလိုင် ၁၁
ငါးလုပ်ငန်းဦးသီးဌာန၊ တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့် စီမံချက်တို့ဖြင့် ဆောင်ရွက် လျက်ရှိပြီး ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွံတေးမြို့နယ်၊ တံခွန်တိုင် ကျေးရွာအုပ်စုရှိ ရွှေကသစ်ချောင်း သဘာဝရေပြင်သို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန၊ အောက်မြန်မာပြည် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအေးနိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးကျော်မြင့်၊ ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ် ငါးခုံးမကြီး ငါးကောင်ရေ(၄၅၀၀၀၀)၊ ရွှေဝါငါးကြင်း (၅၀၀၀၀)၊ စုစုပေါင်း ငါးကောင်ရေ(၅၀၀၀၀၀)အား ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ငါးမျိုးများစိုက်ထည့်ပေးခဲ့ပြီး အဆိုပါ ငါးသားပေါက်များကို တွံတေး ငါးလုပ်ငန်းစခန်းမှ သားဖောက် ထုတ်လုပ် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)