ကလိန်အောင် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့၌ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာတစ်ဦးကို စတင်တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူမှာ ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက်မှ အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းပိုးတွေ့ရှိသူအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးခြားအဆောင်တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး ထိတွေ့သူ မိသားစုဝင်များအား လက်ရှိတွင် Home Quarantine ထားရှိကာ ရေဖြူဆေးရုံတွင် ကိုဗစ် -၁၉ ရောဂါ ရှိ/မရှိဆေးစစ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မိုးမိုးခိုင်