တန့်ယန်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန် အဟုန်မြှင့်၍ဆောင်ရွက်နေရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းကို ယနေ့က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံမှုမရှိစေရန်အတွက် လူစုလူဝေးမပြုလုပ်စေရေး၊ အိမ်အပြင် ထွက်သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေးတို့ကို အသံချဲ့စက်ဖြင့် မြို့တွင်းရပ်ကွက်တိုင်းသို့ လှည့်လည်၍ အသိပညာပေးခြင်းအား ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)