မိုင်းငေါ့ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် Mask နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဒေသခံ ပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း Mask နှာခေါင်းစည်းများကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ အသုံးပြုပြီး ဖြစ်သော နှာခေါင်းစည်း Mask များကို စနစ်တကျစွန့်ပစ်ကြရန်၊ လူစုလူဝေး နေရာများ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးအောင် နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကျန်းမာရေး၊ မိုင်းငေါ့ရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ နှာခေါင်းစည်း Mask အခု (၅၀၀)ခုကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)