နတ်တလင်းမြို့နယ်တွင် Lock Down သတ်မှတ်ခြင်းခံရသော အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

နတ်တလင်း ဇူလိုင်၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ဆက်စပ်လျက် Lock Down သတ်မှတ်ခြင်းခံရသော အိမ်ထောင်စုများအား ယနေ့နံနက်၈နာရီက စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းရာတွင် ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စပ်လျက်ရှိသော မြို့မရပ်ကွက်၊ သီလစန္ဒာလမ်းမှ အိမ်ထောင်စု (၁၉)အိမ်အား အရှေ့တံခွန်တိုင်ကျောင်းဆရာတော်မှ သုံးသောင်းကျပ်၊ စက္ခုံဓမ္မသုခကျောင်းဆရာတော်မှ သုံးသောင်းကျပ်၊ ဓမ္မသီတဂူကျောင်း ဆရာတော်မှ နှစ်သောင်းကျပ်၊ မန္တလေးကျောင်းဆရာတော်မှ ငါးသောင်းကျပ်၊ ဦးကောဏ္ဍည၊ သာသနာ့ရိပ်သာမှ သုံးသောင်းကျပ်၊ ကံကလေးသစ္စာရိပ်ဆရာတော်မှ သုံးသောင်းကျပ်၊ ကရင်ကွင်းကျောင်း (မဇ္စျိမအလင်း) ဆရာတော်မှ သုံးသောင်းကျပ်၊ သာဓုကန်မှန်တန်းကျောင်းဆရာတော်မှ နှစ်သောင်းကျပ်၊ ကိုပေါက်+မမာမာအေး ဗိုလ်ရုံလမ်းမှ( ၁)သိန်း၊ ကိုစိုးစိုး+မသူဇာအောင် တာပွန်လမ်းမှ နှစ်သောင်းကျပ်၊ မြနန္ဒာဖိတ်စာနှင့်ဓာတ်ပုံလုပ်ငန်း ရန်ကုန်-ပြည်လမ်းမှ နှစ်သောင်းကျပ်၊ မမြတ်မွန်ကျော် ချားယားပင်ရွာမှ တစ်သောင်းကျပ်၊ ဒေါ်တူး တာပွန်လမ်းမှ တစ်သောင်းကျပ် မတည်၍ ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး၊  ကြက်သွန်၊ ခေါက်ဆွဲခြောက် စားသောက်ကုန်ပစ္စည်းတို့ကို ဆရာတော်အရှင်သူမြတ်များမှဦးဆောင်၍ မြို့မရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်တို့က ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသော Lock Down နေရာများသို့လည်း လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထားထားဦး