တောင်သာ ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ဆင်ဖြူကျေးရွာမှ မ(၂)ဦး၊ တပင်ကန် ကျေးရွာမှ ကျား(၁)ဦး၊ မ(၂)ဦး၊ ကန်တော်အရှေ့ကျေးရွာမှ မ(၁)ဦး၊ ကြာပို့ကျေးရွာမှ မ(၁)ဦး၊ မင်းစုရပ်ကွက်မှ ကျား(၂)ဦး၊ ဆည်ကုန်း ကျေးရွာမှ ကျား(၁)ဦး၊ ရုံးစည်ကြီးကျေးရွာမှ ကျား(၁)ဦး၊ ပဒါတ်စာကုန်း ကျေးရွာမှ ကျား(၂)ဦး၊ နန်းမြင့်ကျေးရွာမှ ကျား(၁)ဦး၊ ကျောက်တစ်လုံး ကျေးရွာမှ ကျား(၁)ဦး၊ မ(၂)ဦး၊ ဈေးရပ်ကွက်မှ မ(၃)ဦး၊ ကျောက်ရင်းကျေးရွာမှ မ(၁)ဦး၊ ချောင်းဆုံ ကျေးရွာမှ ကျား(၁)ဦး၊ လယ်ကွက်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ(၂၄)ဦးအား ရုံးစည်ကြီးတိုက်နယ်ဆေးရုံတွင်(၃)ဦး၊ ကျောဇီ တိုက်နယ်ဆေးရုံတွင် (၇)ဦးနှင့် တောင်သာမြို့ ပြည်သူ့ဆေးရုံတွင်(၁၄)ဦး သီးသန့် ဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
တောင်သာမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၃၈)ဦးရှိပြီး သေဆုံးသူ(၄)ဦးနှင့် ဆေးရုံဆင်းသူ (၃၂)ယောက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)