လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၁၀ ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

လေးမျက်နှာ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူလူနာများထဲမှ ယမန်နေ့ ညနေပိုင်းတွင် ကျန်းမာရေး ကောင်းမွန်သဖြင့် (၁၀)ဦး ဆေးရုံမှ ထပ်မံဆင်းခွင့်ရရှိသည်။

ဆေးရုံဆင်းခွင့် ရရှိသူများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဆေးရုံဆင်းသူ များအား  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ မိမိနေအိမ်တွင် Stay at   Home နေရမည့်စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဆေးရုံဆင်းသူများအား မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင် ပေးခဲ့သည်။ ယနေ့န့နက်ပိုင်းအချိန်ထိ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူပေါင်း (၁၁၄)ဦးရှိပြီး လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့်  အိုင်သပြုဆေးရုံတို့တွင် ကုသဆဲလူနာ (၉၀)ဦး ကျန်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးလျက်ရှိသည်။ ကုသဆဲ လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြသည်။

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ(၁)ဦးရှိပြီဖြစ်ပြီး အသက်(၄၅)နှစ်အရွယ်  ကိုယ်ဝန်ဆောင်မိခင်ဖြစ်ကြောင်း  ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)