ရေကြည် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ပေါ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ(၈)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ကိုဗစ်ကာလအတွင်း မိမိရုံးဝန်ထမ်းများ ခွန်အားပြည့်ဝစေရန်နှင့် ဝန်ထမ်းအားလုံး စိတ်ပျော်ရွင်စွာဖြင့် အလုပ်တာဝန်များကို ထမ်းဆောင် နိုင်စေရန် တတ်နိုင်သမျှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးကို အထူးကရုစိုက်စေရန်နှင့် အသိသတိ အမြဲထားရှိစေရန် ခွန်အားပြည့်ဝမည့် အစားအစာများကို စားသုံးသုံးစေရန်၊ အသွားအလာများ ဆင်ခြင်စေရန် အမှာစကားများပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသူကျော်နှင့် ဒေါ်နေခြည်မြင့်တို့မှ ဝန်ထမ်း(၂၈) ဦးတို့အား တစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်သွန်ဖြူ (၅၀)ကျပ်သား၊ ကြက်ဥအလုံး (၂၀)၊ အာလူး(၁)ပိဿာ၊ ကုလားပဲ(၅၀)ကျပ်သား၊ ဆား(၁)ပိဿာ၊ စုစုပေါင်း အမယ်(၈)မျိုးနှင့် ပါးစပ်နှာခေါင်းစီး(Mask)များလည်းပေးဝေခဲ့ကြောင်းသိရသည်။
အောင်သူဟန်(ပြန်/ဆက်)