လေးမျက်နှာမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်

လေးမျက်နှာ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က လေးမျက်နှာမြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းဆုံလမ်းခွများ၊  မြို့အဝင်၊ အထွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝ န်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊  ရပ်ကွက်စီမံ ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့က ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးသွား၊ ဈေးလာများ နှာခေါင်စည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေး တို့အား အသိပညာပေး ဟောပြောခဲ့ပြီး တစ်ခါသုံး နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)