မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းခတ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာစစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်စစ်ဗျူဟာမှူးဗိုလ်မှူးကြီးရာဇာထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးကကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်QuarantineCenterဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့ဝင်/ထွက် ဂိတ်တွင်ကျန်းမာရေးစစ်ဆေးရေးဂိတ်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူထားရှိခြင်းစသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ က ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများဝယ်ယူရေး ဝိုင်းဝန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)