ပင်လောင်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၄ ရက်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ခုနှစ်ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ရုံးဝင်း ရပ်ကွက် တွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး၊ အရှေ့ရပ်ကွက်တွင် အမျိုးသမီး နှစ်ဦး၊ ကံသာဦးရပ်ကွက် တွင် အမျိုးသား တစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု အမှတ်(၅၁၂) ခြေမြန်တပ်ရင်းတွင် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း အတည်ပြုလူနာ ခုနှစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၈၆ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၃၃ ဦးရှိပြီဖြစ်ကာ သေဆုံးလူနာ နှစ်ဦးရှိကြောင်း၊ ကျန်ရှိနေသောအတည်ပြုလူနာများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် လည်းကောင်း၊ နောင်တရား တိုက်နယ်ဆေးရုံနှင့် တီကျစ် တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူများကိုလည်း အသွားအလာ ကန့်သတ် စောင့်ကြည့် ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေး စောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)