သတင်းများ

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 15,2021
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့အနှံ့အပြားတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်သည်။
စုကလိမြို့တွင် စားသောက်ကုန်ရောင်းချလျက်ရှိသောဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမဖြစ်စေရန်အတွက် စစ်ဆေးဆောင်ရွက်
Jul 15,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်များအား စစ်ဆေးခြင်းကို မြို့စည်ပင် သာယာရေးအဖွဲ့တာဝန်ခံ ဦးစည်သူကျော် ဦးဆောင်၍ မြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
လားရှိုးတက္ကသိုလ်မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်(၁၀)သိန်း လှူဒါန်း
Jul 15,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာမှ အမျိုးသမီးနှစ်ဦးထံက ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ အမျိုးသမီးနှစ်ဦးထံ က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာတွင် Quarantine ဝင်နေသူများ အတွက် အလှူငွေများလှူဒါန်း
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာတွင် Facilities Quarantine Centre တွင် Quarantine ဝင်နေသူများအတွက် အလှူငွေများကို ယမန်နေ့ နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်ပေါင်း(၅၀၀)ကို စိုက်ပျိုး
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး မော်ကူးကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၁)ဦး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ် လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ က စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း (၁၀) ဦးထိ ရှိလာကြောင်း သိရ သည်။
လဲချားတွင် ကိုဗစ် -၁၉ရောဂါ ပိုးတွေ့လူနာသုံးဦးထပ်မံစစ်ဆေးတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကိုစစ်ဆေးရာတွင် (၁၄-၇-၂၀၂၁)ရက်နေ့တွင် (၁၆)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၃)ဦးတွေ့ရှိခဲ့သည်။