မေတ္တာမြို့၌ ထားဝယ်(SEZ)-မေတ္တာ-ထီးခီးနှစ်လမ်းသွားဖောက်လုပ်မည့်လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေးနစ်နာ ကြေးကိစ္စနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကျင်းပ

မေတ္တာ ဇူလိုင်၁၄

တနင်္သာရီဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်ထုတ်ပြန်များချက်နှင့်အညီ ထားဝယ်(SEZ)မေတ္တာ-ထီးခီးနှစ်လမ်းသွား ဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက် အဦးများအတွက် လျော်ကြေးနစ်နာကြေးကိစ္စနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း အခမ်း အနားကို ယနေ့ နံနက် နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ထားဝယ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း ကလည်းကောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာမင်းကလည်းကောင်း၊ ထားဝယ်ခရိုင် လမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးနေ​အောင်ထူးကလည်းကောင်း စီမံကိန်းနယ်မြေအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေး နစ်နာကြေးကိစ္စနှင့်ပတ်သက်၍ မေတ္တာမြို့ အမှတ်(၁၊၂၊၃)ရပ်ကွက်များနှင့် ကလစ်ကြီးကျေးအုပ်စုရှိ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြိတ်-ထားဝယ် KNU ကရင်အမျိုး သားအစည်းအရုံး ခေါတခမြို့နယ်ဥက္ကဋ္ဌ ပဒိုအေးမှ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခြင်း၊   တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခြင်းများ၊ မေတ္တာမြို့ မြို့အုပ်ချုပ် ရေးမှူးသူရထွန်းက ဖြည့်စွက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက နိဂုံးချုပ်စကား ပြောကြားကာ ပထမပိုင်းအခမ်းအနားကို နံနက်၁၁နာရီ အချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို နံနက် (၁၁း၁၅) နာရီအချိန်တွင် ဆက်လက် ကျင်းပရာ မြေးခံဘော်ကျေးရွာအုပ်စု ၊ကျောက်မဲတောင် ကျေးရွာအုပ်စု ဒေသခံတောင်သူ များနှင့်အဆိုပါခန်းမ၌ ဆက်လက်တွေ့ဆုံရာ အလားတူကိစ္စရပ်များကို ဆွေးနွေးရှင်းလင်းခဲ့ ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ထားဝယ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဦးဆောင်သောအဖွဲ့နှင့်  ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ညနေ၃နာရီအချိန်တွင် မေတ္တာမြို့ဆင်ဖြူတိုင်ကျေးရွာ ဘုရားကျောင်း ခန်းမတွင်ဆင်ဖြူတိုင်ကျေးရွာအုပ်စုရှိဒေသခံပြည်သူများနှင့်ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်းနှင့် ထားဝယ်(SEZ)-မေတ္တာထီးခီးနှစ်လမ်းသွားဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သွားသည့် တောင်သူများ၏မြေယာ သီးနှံအဆောက်အဦးများအတွက် လျော်ကြေး နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက မေတ္တာမြို့ လမ်းဦးစီးဌာနရုံးတွင် သွားရောက်ကြည့်ရှု နိုင်ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။