နတ်တလင်း ဇူလိုင်၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ဟိတကာရီသာရေး နာရေးကူညီမှုအသင်းသို့ ကိုဗစ်- ၁၉ အရေးပေါ်ကာလတွင် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းရာတွင်ကိုဗစ်- ၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ပရဟိတ ဆောင်ရွက်လျက်ရှိသော အသင်းများအား လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဦးမြင့်အေး+ဒေါ်အေးမြင့်(အောင်မေတ္တာစိန်ရွှေရတနာဆိုင်) မင်းလမ်းမှ PPE ဝတ်စုံ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အလှူငွေ(၁)သိန်း၊ ဦးဇော်လင်း+ဒေါ်ယုယုဝင်းမိသားစု၊ ရန်အောင်အပြင်လမ်းမှ Hand spray (၁၀)ဗူး၊ Mask(၁၀)ဗူး၊ Dettol ပိုးသတ်ဆေးဂါလံ (၁)ဗူး၊ ကိုရဲထွဋ်ဦး+မမြတ်မြတ်သူ (စိန်ရွှေရတနာဆိုင်) မင်းလမ်းမှ MMK ပိုးသတ်ဆေးဗူးအကြီး(၂)ဗူး ပေးအပ်လှူဒါန်းရာ ဟိတကာရီ သာရေးနာရေးကူညီမှုအသင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထားထားဦး