သရက်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျက်ရှိ

သရက် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈  နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြို့ဝင်မြို့ထွက်ဂိတ်များ၏ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ထုံးတောင်ဂိတ်နှင့် အနောက်ဂိတ်တို့တွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များ ဝင်ထွက်သွားလာမှုအား လုံခြုံရေးအရစစ်ဆေးပေးနေမှု အခြေအနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)