မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Online မှတဆင့် စာအုပ်စာပေများ မိတ်ဆက်ခြင်း နှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

မြိုင်      ဒီဇင်ဘာ      ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူ၊ စာငှား/ဖတ် ပရိတ်သတ်များအတွက် စာအုပ်ထဲမှ စာပေများ မိတ်ဆက်ခြင်း၊ အသိပညာပေးအစီအစဉ်များကို Online မှတဆင့် အစဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ များနှင့်ပူးပေါင်း၍ သုတ၊ ရသစာအုပ် မိတ်ဆက်ခြင်းများကိုလည်းကောင်း၊ ကလေးသူငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဖတ်ခြင်းများကိုလည်းကောင်း၊ သဘာဝဘေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့် အသိပညာပေး Talk Show များကိုလည်းကောင်း ပြုလုပ်၍ မြိုင်မြို့နယ်ရုံး ပြည်သူ့စာ ကြည့်တိုက် Facebook Page တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ အစဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သူရ(ပုံတောင်)